ဟိုင်းကြီးကျွန်းမြို့တွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဟိုင်းကြီးကျွန်း ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ဇွန်လ ၁၇ ရက်နေ့နံနက် ၆ နာရီခွဲ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂) ရပ်ကွက်နှင့်အမှတ် (၁)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ ကြာသာပတေးနေ့များ၌ ရပ်ကွက်အလိုက် အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး စျေးနှုန်းသက်သာပြီး လတ်ဆတ်သည့် ဟင်းသီး ဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများအနေနှင့်လည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိ ကြောင်း သိရသည်။

လှိုင်မျိုးအောင်  (ဟိုင်းကြီးကျွန်း ပြန်/ဆက်)