"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန် ဆီနေကြာသီးနှံ(၃၅)ဧက စိုက်ပျိုးရန်လျာထား

ဟိုပန် ဇွန် ၂၁

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန်တို့ကို ရည်ရွယ်၍ဆီနေကြာသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးဖြင့် စိုက်ပျိုးခြင်းကို (၃၅)ဧက လျာထားကြောင်း သိရသည်။

"ကျွန်တော်တို့ စိုက်ပျိုးရေးဉီးစီးဌာနမှ ဟိုပန်မြို့နယ်မှာ တောင်သူများဆီဖူလုံစေရေးနှင့် ဝင်ငွေများတိုးတက်မှုရစေရန်အတွက် ဆီနေကြာသီးနှံ နွေ၊ မိုး၊ ဆောင်း ရေဆင်းစပ်မျိုး(၁) နေကြာစိုက်စနစ် နည်းပညာဖြင့် မေလ တတိယအပတ်မှစတင်ပြီး လက်တွေ့ကွင်းဆင်း  စိုက်ပျိုးပေးလျက်ရှိပါတယ်၊ ယနေ့မှာ ကျွန်တော်တို့ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူ ဦးအိုက်ကျိုင်း နမ့်လျန်ကွင်းအမှတ်(၃) စံပြကွက်တွင် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိပြီး (၂၉)ရက်သားတွင် ဒုတိယအကြိမ် ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မြေဘောင်လုံးခြင်းများနှင့် အပင်ပြုစုခြင်းများကို ကူညီဆောင်ရွက်ပေးနေပါတယ်၊ အခုစိုက်ပျိုးတဲ့ ဆီနေကြာဟာ ဒေသမှာရှိတဲ့နေကြာထက် အထွက်နှုန်းကောင်းပြီး တစ်ဧကကို တင်း(၃၀)ထွက်ကာ တစ်တင်းကို ဆီ(၅)ပိသာ ထွက်ရှိမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဒေသတွင်း စာသုံးဆီ ဖူလုံရေးအတွက် ခရိုင်ဦးစီးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ် " ဟု ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးက ပြောကြားသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ   တောင်သူများအား ဆီနေကြာသီးနှံ စိုက်စနစ်နည်းပညာပေးဟောပြောခြင်း၊ မိုးနေကြာရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးခြင်းများ၊ လက်တွေ့ကွင်းဆင်း စိုက်ပျိုးပေးလျက်ရှိကြောင်းနှင့် ဆီနေကြာ(၃၅)ဧက လျာထားရာမှ ယနေ့အထိ ဆီနေကြာသီးနှံ(၆)ဧကနှင့် နေကြာသီးညှပ်(၁၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)