မုဒုံ ဇွန် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Centre)တွင် သဘာဝချည်ဆိုးဆေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီ ဒေါ်မြတ်ဇာခြည်ကျော်က သဘာဝဆိုးဆေးနည်းပညာများ ပြန့်ပွားလာစေရန်၊ လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းသစ်များ ဖြစ်ပေါ်လာစေပြီး ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းပြနှစ်ဦးက သရက်၊ တမာ၊ မဟော်ဂနီ၊ သစ်တို၊ ကုက္ကိုခေါက်၊ ကြက်သွန်ခွံ၊ ဒညင်းခွံ၊ ဗန်ဒါရွက်များကို အသုံးပြု၍ သဘာဝချည်ဆိုးဆေးပညာရပ်များအား သင်တန်းကာလ တစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာ ကျေးရွာများမှ သင်တန်းသား ( ၂၀ )ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)