မိုင်းငေါ့ ပြည်သူ့ဆေးရုံတွင် အသက်(၁၈)နှစ် အထက်ပြည်သူများအား တတိယအကြိမ် (Booster)အပိုဆောင်း ကိုဗစ်ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုင်းငေါ့ မေ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အသက်(၁၈) အထက်ပြည်သူများအား တတိယအကြိမ် အပိုဆောင်း (Booster) ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းတွင် ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် တတိယအကြိမ် ကိုဗစ်ရောဂါ (Booster)အပိုဆောင်း ကာကွယ်ဆေးလာ ရောက်ထိုးနှံသူကျား(၁၉)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၂၃)ဦးတို့အား မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က  ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ပါသည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)