မောက်မယ် ဇွန်၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ဦးဆောင်၍ လွယ်မွန်းဘုရားတောင်၏ မြောက်ဘက်တောင်ပေါ် မောက်မယ်၊ ဝမ်ဟတ်၊ လင်းခေး ကားလမ်းမ၏မြောက်ဘက်တွင် လျောင်းတော်မူဘုရား တည်ထားကိုးကွယ်ရန်အတွက် ရပ်ကွက်အသီးသီးမှ ကာယလုပ်အားဒါနဖြင့် စုပေါင်းသွားရောက်ကုသိုလ်ပြုကြပြီး ယနေ့နံနက်ပိုင်းက စျေးတန်းရပ်ကွက်ရှိပြည်သူများမှစုပေါင်း၍ ဘုရားပလ္လင်တော်အုတ်မြစ် တည်ဆောက်ရန် ကျောက်၊ သဲ သယ်ယူခြင်းလုပ်ငန်းတွင် ကာယလုပ်အားဒါနဖြင့် သွားရောက်ကုသိုလ် ပြုကြကြောင်း သိရသည်။
အဆိုပါသွားရောက်၍ ကာယလုပ်အားဒါနပြုသည့် တောင်ပေါ်၌ တည်ထားကိုးကွယ်မည့် လျောင်းတော်မူဘုရားသည် ဘုရား၏ဦးခေါင်းတော်မှ ခြေဖျားတော်အထိ (၁၀၈)ပေအရှည် ရှိကြောင်း မြို့နယ်သံဃာ့နာယဥက္ကဋ္ဌ ဆရာတော်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)