ကျွန်းစု ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (Booster Does) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပြီး၍ (၃)လနှင့် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Does (AsterZeneca) ထိုးနှံပေး လျက်ရှိသည်။
အလားတူ ကိုဗစ်ကာကွယ်ဆေး (Covidshield) ဒုတိယအကြိမ်ထိုးနှံပြီး၍ (၆)လနှင့်ထက် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does (COVAXIN) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)