မအူပင် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် သူဌေးကုန်းကျေးရွာအုပ်စု၊ တောင်သူဦးစန်းတင့်၊ ဒေါ်ခင်ခင်ချို၊ ကွင်းအမှတ်(၇၆၇)၊ ဦးပိုင် ၃/၁ ရှိ လယ်မြေ (၉)ဧကပေါ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျော် ထည့်သွင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်အဆင့် စိုက်ပျိုးတိုးတက်မှု မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။ မအူပင်မြို့နယ်၏ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ၊ ပန်းပင်စုကျေးရွာနှင့် သူဌေးကုန်းကျေးရွာတွင် စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ၈၄.၀၀ ဧက ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)