လိပ်သို ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ရုံးရှေ့နံရံကပ်ပြ ဘုတ်၌ စတင်ပြသထားသည်။
အဆိုပါနံရံကပ်စာစောင်တွင် မူးယစ်ဆေးစွဲစေသည့်လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ကုသကာကွယ်နိုင်ရန်အချက်အလက်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၊ ဥပဒေဖြင့်ကန့်သတ်ထားသောဆေးဝါးများ၊ လူငယ်လူရွယ်များအလွဲသုံးရာမှ စွဲစေတတ်သည့်ဆေးဝါးများ စသည့်အသိပညာပေးအကြောင်းအရာများကို ပြသထားရှိပြီး ကျောင်းသား၊ကျောင်းသူလူငယ်၊လူရွယ်များ၊ပြည်သူများ လွယ်ကူစွာလာရောက်လေ့လာ ကြည့်ရှု မှတ်သားနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)