မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မိုးညှင်း ဇွန် ၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာအုပ်စာစောင်များ ပြသရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်များ ပြသရာတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စာအုပ်စာစောင်များ၊ အမျိုးသားစာပေဆုရစာအုပ်များ၊ ဘာသာပြန်စာအုပ်များ စာဖတ်ဝါသနာရှင်များ အသိပညာ ဗဟုသုတရရှိစေမည့် သုတစာအုပ်များ၊ ဆေးပညာရပ်များ၊ စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် စာအုပ်များနှင့် ဂျာနယ်/စာစောင်များ စာအုပ်စာစောင် စုစုပေါင်း (၁၀၀)ကျော်ကို ခင်းကျင်းပြသကာ စာဖတ်ဝါသနာရှင်များနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာဖြင့် လာရောက်ဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)