မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‌အကြိုဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြသ

လွိုင်လင် ဇွန် ၂၂

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ အမကကျောင်း၌  ယမန်နေ့မွန်းလွဲ ၁ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ယနေ့ကျောင်းသားလူငယ်များသည် အနာဂတ်ရဲ့ခေါင်းဆောင်များဖြစ်ကြောင်း၊ အနာဂတ်ဘဝတွင်လှပစေရန် မူးယစ်ဆေးဝါးများသုံးစွဲခြင်းကို လုံးဝရှောင်ကျဉ်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဘဝပျက်ကာ အသက်ဆုံးရှုံးမှုများရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည်ကြီးမားကြောင်း၊ ယင်းကြောင့် သားတို့သမီးတို့က မူးယစ်ဆေးဝါးကိုရှောင်ကျဉ်ပြီး လိမ္မာယဉ်ကျေးစွာဖြင့် ပညာသင်ယူကြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်သည်။ ဆက်လက်၍ ကျောင်သားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓါတ်ပုံများကိုပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)