ဗိုလ်တထောင် ဇွန် ၂၂
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီ၌ အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟေမာဇော် ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ဝန်ထမ်းများ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ (၇၀) ဦး တို့အား ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးကိုထိုးနှံပေးကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှ စတင် ထိုးနှပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)