ညောင်ဦးခရိုင်ရုံးတွင်   အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်ဓာတ်ပုံများပြသ

ညောင်ဦး  ဇွန်  ၂၂

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်နှင့်ဓာတ်ပုံများ ပြသခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ပြသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံး မှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျောင်းသား/သူများ အသိပညာရရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် ပညာပေးပြသခြင်းဖြစ်ကြောင်း၊ ထိုသို့ပြသရာတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်း ဆိုင်ရာများ ၊မူးယစ်ဆေးဝါးစတင်သုံးစွဲ လာပုံ ၊WY ဆေးပြားများ၊ ဘိန်းသီးများနှင့်ဆေး ခြောက်များအကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများနှင့်မူးယစ် ဆေးဝါးဖြတ်တောက်နည်းစာစောင်များကို ပြသထားကြောင်း၊ အဆိုပါနံရံကပ်စာစောင်ပြသရာသို့ ညောင်ဦးအခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသားကျောင်းသူများ၊ စာကြည့် တိုက်သို့စာအုပ်လာရောက်ငှားရမ်း ဖတ်ရှုကြသည့်မိဘပြည်သူများ လာရောက်လေ့လာကြည့်ရှုကြကြောင်း မူးယစ်အန္တရာယ်အကြောင်း နံရံကပ်စာစောင်များ၊ ဓာတ်ပုံများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးရှေ့ဘုတ်တွင်လည်းကောင်း၊ လူထုအခြေပြုဗဟိုဌာနတွင်လည်းကောင်း ပြသထားပြီး အခြေခံပညာကျောင်းများသို့လည်း နယ်လှည့်ကွင်းဆင်းပြသလျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ