ဘုတ်ပြင်းမြို့နယ်၌  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း   ဇွန်   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး  Talk Show   ဆွေးနွေးပွဲကို ယနေ့နံနက် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ ပြည့်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေးအကြောင်းအရာများ၊မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများတွက် သီးသန့်ဥပဒေမရှိသော်လည်း က‌လေးအလုပ်သမားများနှင့်တိုက်ရိုက်ဆက်နွယ်နေ့သည့် အလုပ်ရုံများ အက်ဥပဒေ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အမျိုးသားပညာရေးဥပဒေဆိုင်ရာများ၊ ဘေးအန္တရာယ်ကျရောက်သောနေသော ကလေးအလုပ်သမားအကြောင်းအရာများ၊ ကလေးသူငယ်အားလုံးအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင့်ဆိုင်ရာများ စသည့် ကလေးအလုပ်သမား ပပျောက်ရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)