ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး

မောင်တော ဇွန် ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် မီးဘေးလုံခြုံရေး၊ မီးကို စနစ်တကျ သုံးစွဲကြရေး၊ ဆေးလိပ်သောက်သုံးသူများအနေဖြင့် ဆေးလိပ်မီးကို စနစ်တကျမီးငြိမ်သတ်စေရေး၊ မီးဘေး မပေါ့ကြစေရန်နှင့် ဈေးအတွင်း မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ် ဆေးဘူးဖြင့် စနစ်တကျမီးငြိမ်းသတ်မှုများ၊ ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် မီးချိတ်၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ ၊ သဲ အိတ် များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေး ဘူးများအား အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်သင့် ဆောင် ရွက် ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်စေရေး၊ ရေစုကန် များအတွင်း ရေလုံလောက်စွာရှိ/မရှိ၊ အပေါ့စားရေစုပ် အား ကောင်း/ မကောင်း စစ်ဆေးပြီး ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး