ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး၌ ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်

ပြင်ဦးလွင်  ဇွန်  ၂၃

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကိုသိရှိနားလည်ပြီး လုပ်ငန်းခွင်လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအားထိရောက်သည့်ဝန် ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်းကို ယမန်နေ့ည​နေ ၄ နာရီတွင် ပြင်ဦးလွင်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး အသိပညာပေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြည်သူ့ဆက်ဆံရေး(PR) ၏အဓိပ္ပာယ်ဖွင့်ဆိုချက်(PR)စနစ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ထိရောက်စွာပေးနိုင် မည့်နည်းလမ်းများ ပြည်သူ့ဆက်ဆံရေး၏ အရေးပါပုံများ၊ ပြည်သူကိုဗဟိုပြုသော အများ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများအကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များကို အသေးစိတ်ဆွေး နွေးပို့ချသည်။

အဆိုပါသင်တန်းသို့ ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သင်တန်း သား/သင်တန်းသူ( ၂၅)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)