မဘိမ်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မဘိမ်း   ဇွန်  ၂၃             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီခွဲအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။  

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊  မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုး ကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူ ဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်နှင့် ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းကာကွယ်လျက်ရှိ စသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေမည့် အမှာစကားကောက်နုတ်ချက်များ၊ ဆောင်းပါးများ၊ ကဗျာများနှင့် ကာတွန်းများပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြေင်း သိရသည်။      

မျိုးမင်း (ပြန်/ဆက်)