လိပ်သိုမြို့တွင် ပျားဖွတ်ရာသီမရောက်မီ ဒေသထွက်သဘာဝပျားရည်စစ်စစ်များ ဈေးကောင်းရရှိ

လိပ်သို ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသထွက်သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည် စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းကြောင့် ဝယ်ယူသူများပြားလျက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

ပျားရည်များကို လိပ်သိုမြို့နှင့် အနီးအနားရှိကျေးရွာများမှ ပျားဖွတ်သူများထံက ဝယ်ယူသိုလှောင်ကြပြီး လိပ်သိုမြို့ပေါ်တွင်လည်းကောင်း၊ ပွဲစားများထံသို့လည်းကောင်း ရောင်းချကြကာ အချို့မှာ တောင်ငူမြို့သို့ ပို့ဆောင်ရောင်းချကြောင်း၊ အဆိုပါ ပျားရည်များမှာ ယခင်နှစ် ပျားဖွတ်ရာသီက ဖွတ်ယူသိုလှောင်ထားသော သဘာဝပျားရည်များဖြစ်ကြောင်း သိရသည်။

ဒေသထွက်သဘာဝပျားရည်များမှာ ယခင်နှစ်က တစ်ပုလင်းလျှင် (၅၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိသော်လည်း ယခုနှစ် ဒီဇင်ဘာလတွင် ပျားရည်တစ်ပုလင်းလျှင် (၇၅၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် ပျားမွေးမြူရေး စိတ်ပါဝင်စားသူများက မိမိနေအိမ်ခြံဝင်းအတွင်း၌ ပျားပုံးများပြုလုပ်၍ သစ်ခေါင်းပျားများကို တစ်နိုင်တစ်ပိုင် မွေးမြူလာကြကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)