မန္တလေးမြို့နယ်ရုံးတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကျင်းပ

မန္တလေး ဇွန် ၂၄

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့က ဦးဆောင်ဆွေးနွေးပြီး ဇီဝမျိုးစုံမျိုးကွဲများ၏အဓိပ္ပါယ်၊ ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၏အရေးပါပုံ၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာရခြင်းအကြောင်းရင်းများ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ (မူဝါဒများ၊ ဥပဒေများ)၊ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ အာဆီယံအမွေအနှစ်ဥယာဉ်၊ မြန်မာ နိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ ရမ်ဆာရေဝပ်ဒေသများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ‌ဇီဝမျိုးစုံကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)