တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစာမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ "၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်" အရ နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဗျိုက်အုပ်စု၊ ကုက္ကိုစုကျေးရွာရှိ တောင်သူ ဦးအေးနိုင်၏ လယ်မြေဧက (၀.၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကိုကျင်းပရာ

ပုသိမ်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်၁၀ နာရီက ပုသိမ်ကြီးမြို့ အခြေခံပညာ အထက်တန်း ကျောင်းနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်အထပ်မြင့်အဆောက်အဦ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်အထပ်မြင့် အဆောက်အဦ ကြီးရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့၌ ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အကောင်အထည်ဖော် တည်ဆောက်နေသော ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ခရိုင်တရားရုံးမှ သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက်

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အား ကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ဗန်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း အစီအစဉ်အရ စင့်ကင်ကျေးရွာ၌ တောင်သူ ဦးညီညီလွင် စိုက်ပျိုးထားသော (၁ ဒသမ ၅)ဧကရှိ ဖူးစားပြောင်း သရုပ်ပြစိုက်ကွက်အား မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအေးချမ်းမေနှင့် တောင်သူများတို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to