ကံမမြို့နယ်တွင် အခြေခံပညာကျောင်းများ ၌ ကျောင်းသားကျောင်းသူ (၃၇၈၀) ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ခဲ့ရသည့် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်း သွားသဖြင့် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နေ့ ကျောင်းတက်စာရင်းအရ မူလတန်းအဆင့် ကျောင်းသား(၁၈၈၀)ဦး အလယ်တန်းအဆင့် ကျောင်းသား (၁၃၅၇) ဦးအထက်တန်း အဆင့် ကျောင်းသား(၅၄၃) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၇၈၀) ဦး တက်ရောက်၍ အေးချမ်း စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ အသက် ၄၀ နှစ်နှင အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ​ ပေါ်​တော်မူဘုရားဝင်း၊ ​ခေမာရာမကျိုင်းတုံ​ကျောင်းတိုက်နှင့် အမျိုးသား ပြန်လည်သန်စွမ်း​ရေး​ဆေးရုံတို့၌ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ အသက် ၄၀ နှစ်နှင့် အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ဆက်လက် ထိုးနှံ​ပေးလျက်ရှိသည်။

တန့်ယန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အမှတ်(၂)ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင် ပြည်သူများ ပါဝင်ပူးပေါင်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပခဲ့သည်။

ကျိုက်မရော၌အသက်၆၅နှစ်နှင့်အသက်ကြီးအဘိုးအဘွားများနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေး သူများအားထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက်၆၅နှစ်အထက် အသက်ကြီးဘိုးဘွားများ၊ နာတာရှည် ရောဂါသည်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် အသက်၁၈နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနောက်ဆုံးနေ့အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီကကျုံဝမ်းကျေးရွာရှိကမ္ဘာရွာ စာကြည့်တိုက်အတွင်း၌ဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်မြို့နယ်၌ ရေစီး​ရေလာ​ ကောင်းမွန်​စေ​ရေး ​​ရေနုတ်​​​​​မြောင်း ရှင်းလင်းခြင်း လုပ်ငန်းများ​ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်၌ ၁၂ ရပ်ကွက် အင်းစိန်လမ်း ဓာတ်အားခွဲရုံရှေ့ သန့်ရှင်းသပ်ရပ် ရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် အမှိုက်များ၊ မြက်များ၊ သစ်ရွက်ခြောက်များ ရှင်လင်းခြင်းနှင့် ရေမြောင်းရှင်းခြင်းအား ဆောင်ရွက်ခဲ့သည်။

စားသောက် ကုန်ထုတ်လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများ မျှဝေသည့် စီမံကိန်း MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပ

အာဆီယံ-ဟောင်ကောင်၊ China Free Trade Agreement ECOTECH Work Programme ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် စားသောက်ကုန်ထုတ် လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်သည့် အလေ့အကျင့် ကောင်းများ မျှဝေသည့် စီမံကိန်း MSMEs ထုတ်ကုန် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်မှ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်တွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၅၄၆၅)ဦး တို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ (၅)ရက်နေ့အထိ အခြေခံပညာကျောင်း (၄၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၅၄၆၅)ဦးတို့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးTalk Show ကျင်းပ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးTalk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစီစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦး.ကျော်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။ 
Subscribe to