နမ္မတူမြို့နယ်တွင် အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန်ရည်ရွယ်၍ နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန် ရည်ရွယ်၍ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဆိုက်ခေါင်ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာ တောင်သူ ဒေါ်အေးမွှေး၏ ယာမြေတစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ Community Centre ခန်းမ၌ လျှပ်စစ်အန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ဌာနဆိုင်ရာရုံးမျာ ဆောက်လုပ်ရန်နေရာအား သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲတို့သည်

ဟင်္သာတမြို့တွင် တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိရိစ္ဆာန်အစာပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စု၊ ကုန်းကြီးကျေးရွာရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနရုံး တိရိစ္ဆာန်အစာပင် စိုက်ခင်းတွင် ကျင်းပခဲ့သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင်ကျင်းပကြောင်း သိရသည်။

ဝေါမြို့နယ်၌ တိရိစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေပီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ တောင်သူ ဦးငယ်လေး၏ လယ်မြေတစ်ဧက၌ ကျင်းပသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစာမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ "၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်" အရ နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဗျိုက်အုပ်စု၊ ကုက္ကိုစုကျေးရွာရှိ တောင်သူ ဦးအေးနိုင်၏ လယ်မြေဧက (၀.၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to