ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

မိုင်းလုံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ရင်တွင်းစကားသံ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံကို ယခုလို ကြားသိခဲ့ရပါသည်။

မိုင်းလုံမြို့၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးနေ့ ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းတွင် နမ့်ပိန်ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မြို့မိမြို့ဖများက ဦးဆောင်၍ ကျင်းပခဲ့သည်။

ပြင်စလူမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြင်စလူမြို့နယ် မြေရဲစခန်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့က မြို့လယ်နာရီစင်ရှေ့နှင့် အသွားအလာများသည့် နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားပုသိမ်မြို့၌ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်၍ အဖွင့် အမှာ စကားပြောကြားခဲ့သည်။

မြန်မာ့ရိုးရာခြင်းလုံး အားကစားပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် Youth Club အသင်းတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာ့ရိုးရာ အားကစားနည်း တစ်မျိုးဖြစ်သည့် ရိုးရာခြင်းလုံးခတ်အဖွဲ့မှ ရိုးရာခြင်းအလှခတ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကျောက်မဲမြို့နယ်၊ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများ အသင်းဝင် (Book Club) များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာညီညီနိုင် ရေးသားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရား စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ငှက်ပျောလျှော်နှင့်လက်မှုထည်များ ထုတ်လုပ်နည်း သင်တန်းအမှတ်စဉ်(၁)သို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင် ကျင်းပပြုလုပ်သည့် ငှက်ပျောလျှော်နှင့်လက်မှုထည်များ ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ်(၁)သို့ တက်ရောက်ခဲ့ကြသည်။
Subscribe to