ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ် စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘိုးလိမ်းပစ်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရှမ်းရွာသစ် မြို့ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်၌ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀- ၂၀၂၁ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ(၅၀)ဧကစိုက်ပျိုးသောတောင်သူ(၂၂)ဦးအား ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်အတွင်း၌ လှည့် လည်နှိုးဆော်ခဲ့သည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများ အား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ် မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသာ စိစစ်ရေးကတ်ပြားများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျီးနှစ်ပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု (၆) အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူး ရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့ နံနက်(၇)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း(၁၀၀)ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများအား ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းအခြေခံပညာ ကျောင်း ပေါင်း(၁၄၁)ကျောင်းရှိသည့်အနက်  ဒီဇင်ဘာလ ၅ ရက်အထိ (၉၈)ကျောင်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ယနေ့ ဒီဇင်ဘာလ၇ရက်နေ့တွင် ပဝတ်ထာရွာ-မူလတန်းလွန်ကျောင်းနှင့် အမက-ငါးရံ့အင်းကျောင်း(၂)ကျောင်းကို ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ယနေအထိကျောင်းပေါင်း(၁၀၀)ကျောင်း အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး  (၄၁)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။

မင်းလှမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရွာတော်ကျေးရွာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
Subscribe to