စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး maskများ မျှဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး maskများ မျှဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သံတံတားရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။