ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ စသည့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးနှင့်တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ငွေလုံးငွေရင်းရန်ပုံငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြသော တလိုင်းတောင် ကျေးရွာ၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း (၅၀%)၊ အလယ်ကုန်းကျေးရွာ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်း (၅၀%)၊ ရွှေဂူတောင်ကျေးရွာ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း(၅၀%)နှင့် ကူးတို့ကျေးရွာဂါလံ(၅၀၀၀)ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း (၉၅%) ပြီးစီးမှုအခြေအနေများအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးသီနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)