ထန်းတပင် ဇွန်လ ၂၅
၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်း (Talk Show) အစီအစဉ်ကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (Talk Show)အစီအစဉ်တွင် အင်းစိန်မြို့နယ် စာရေးဆရာများအသင်းအဖွဲ့ဝင် စာရေးဆရာမောင်ပန်းဝေ (ညောင်တုန်း)နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဦးကျော်ဇင်ဝင်းတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရမည့် နည်းလမ်းအကြောင်းအရာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို ဆွေးနွေးခဲ့ကြကြောင်း လည်းသိရသည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း အသိပညာပေးခြင်းလုပ်ငန်းများအား Talk Show အစီအစဉ်များ ဆောင်ရွက်၍ Online ကနေတဆင့် ထုတ်လွှင့်ပေးလျက်ရှိသလို ပြည်သူ့စာကြည့်တိုက်တွင်လည်း ပြည်သူများအား သုတ၊ ရသ စာအုပ်မျိုးစုံကို ငှားရမ်းကာဝန်ဆောင်မှုများပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)