ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (community Centre)ခန်းမတွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ပန်းဘဲတန်း ဇွန် ၂၅

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲတွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆိုသည့်‌‌ ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအားသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ခံစားရသော နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကြွဆေးသုံးစွဲခြင်းတို့၏ ဆိုးကျိုးများ စသည့် အသိပညာပေးနံရံကပ် စာစောင်များ ပြသထားသည့်အပြင် စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားဖွယ် သုတရသစာအုပ်များကို စုံလင်စွာ ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)