ညောင်ဦးမြို့နယ်၌ နေကြာသီးနှံမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

ညောင်ဦး ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နေကြာသီးနှံမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းအား စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်တွင်ကျင်းပခဲ့ကြောင်းသိရသည်။

နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းနည်းပညာသင်တန်းတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့မှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီး ဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက နေကြာသီးနှံမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာသင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် တက်ရောက်လာသည့် ကျေးလက်တောင်သူများအား နေကြာမျိုးစေ့ထုတ်လုပ်ခြင်း အကြောင်းနှင့် မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များအကြောင်း၊ နေကြာသီးနှံ ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းအကြောင်းနှင့် မြန်မာနိုင်ငံကလေးသူငယ်အလုပ်သမားပပျောက်ရေး ဥပဒေအကြောင်းအရာများအား သင်တန်းနည်းပြဆရာများက ပို့ချဆွေးနွေးခဲ့ ကာတက်ရောက်လာသည့် ကျေးလက်တောင်သူများမှ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ကိုကြေးမုံ