စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့အနီးဝန်းကျင်ရှိ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခြင်း၊ အေးချမ်းစွာပညာသင်ကြားရေးအတွက် ညှိနိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ငွေ၊ အားကစား ပစ္စည

မုံရွာ ဇွန် ၂၆

ကျောင်းများဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်ဆေးများပတ်ဖျန်းခြင်း၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး တို့အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း-အလုံတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ လူမူရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာများနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သင်ကြားမှု ဆရာ၊ ဆရာမများ ပြည့်စုံရေး၊ ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်၍ ပညာ သင်ကြားရေး၊ သင်ကြားရေးပရိဘောဂနှင့် ကျောင်းဆောင်များပြည့်စုံရေး၊  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်များက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း-အလုံ၊ ရေအိုးကျေးရွာ၊ အမှတ်(၆၂) အခြေခံပညာမူလ တန်းကျောင်း၊ ခံတောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် သစ်ဆိမ့်ပင်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းများအတွက် ငွေကျပ် ၅ သိန်းစီနှင့် အားကစားပစ္စည်းများအား ကျောင်းအုပ်ကြီးများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရေအိုးစင်ကျေးရွာ၊ အမှတ် (၆၂) အခြေခံပညာ မူလတန်းကျောင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာများနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)