ဖားဆောင်း ဇွန် ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ (အထက)ဖားဆောင်းကျောင်းသို့ထောက်ပံ့သည့် မီးစက်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ကအဆိုပါကျောင်း ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၆-၅-၂၀၂၂)ရက်နေ့၌ ဖားဆောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် (အထက)ဖားဆောင်း၌ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေးစဉ် ဆရာ၊ဆရာမများမှ လျှပ်စစ်မီးပြတ်တောက်နေ သည့် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာများ၊ ကျောင်းကိစ္စဆိုင်ရာများဆောင်ရွက်ရန်အတွက် မီးစက်နှင့်ထောက်ပံ့ပစ္စည်းများ လိုအပ်မှုအခြေအနေအား တင်ပြခဲ့ခြင်းအပေါ် ပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ မီးစက်တစ်လုံးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း ၊ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိ၊ မြို့ဖများအနေဖြင့် (အထက)ဖားဆောင်းကျောင်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘောလခဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားဆောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မီးစက်နှင့်ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ရာ ဘောလခဲခရိုင်ပညာရေးမှူး၊ ဖားဆောင်းမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် (အထက)ဖားဆောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးထွန်းလင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ဆရာမများနှင့် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းအတွက် လိုအပ်ချက်ဖြစ်သည့် မီးစက်နှင့်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကြောင့် များစွာ ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဘောလခဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး၊ ဘောလခဲခရိုင် ပညာရေးမှူး၊ ဖားဆောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ဆရာမများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့မိ၊မြို့ဖများ၊ကျောင်းအကျိုးတော်ဆောင်များ၊ကျောင်းသားမိဘမျာတက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)