ချမ်းမြသာစည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လေဆိပ်ဟောင်းအတွင်း၌ယနေ့ နံနက် ၈ နာရီက ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း များ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းမေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr Chen Chen(ခ) ဦးခင်စိန်၊ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်းအင်အား ၃၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံ/နယ် ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး၊ တိုင်းဒေသကြီး၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးချုပ်စိန်လွင်မှ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ရှင်းလင်း တင်ပြပြီးနောက် တက်ရောက်လာသူများမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ လုံ/နယ်ဝန်ကြီးတို့မှ စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ်)