၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ်   ဇွန်   ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပင)​ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီးနိုင်လယိတမမှ တက်ရောက်ချီး မြှင့်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေး၀န်ကြီး နိုင်လယိတမက ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှူအခြေအနေများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား/​ကျောင်းသူများအား လေးစားဂုဏ်ယူပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရှေ့ဆက်လျှောက်ရမည့်လမ်းတွင် နိုင်ငံသားကောင်းများ ဖြစ်ထွန်းစေ ရေးနှင့်နိုင်ငံ၊ လူမျိုး၊ ဘာသာရေးအတွန့်ရှည်စေရေး ဆက်လက်ကြိုးစားသွားကြရန် တိုက် တွန်း လိုပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အမှတ် (၄) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ် မှူးချုပ်ထွန်းနိုင်ဦးက တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား/သူများအနေဖြင့် တီထွင်ကြံဆနိုင်မှုနှင့် ပြင်ပဗဟုသုတလေ့လာနိုင်မှုဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၄၆) ဦးနှင့်  စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် ဘာသာရပ်အလိုက် သင်ကြားပေးခဲ့ သည့် ဆရာ/ဆရာမများအား  မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်စီးပွားရေးဝန်ကြီး နိုင်လယိတမနှင့် ဇနီး ဒေါ်သန်းသန်းဌေး၊ အမှတ် (၄) တပ်မတော်တန်း မြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့မှ ဂုဏ် ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)