ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအဆင်ပြေစေရေးအတွက် နေလသုခဆီအရောင်းဆိုင်မှ စားအုန်းဆီ(၁)ပိဿာ ငွေကျပ်ခြောက်ထောင်နှုန်းဖြင့် ဇွန်လ(၂၄)ရက်နေ့မှစတင်ကာ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်ချရာတွင် ပေါက်ဈေးကတော့(၁)ပိဿာ ခုနှစ်ထောင့်နှစ်ရာကျပ်ဖြစ်သော်လည်း ပြည်သူများ စားဝတ်နေရေးအဆင် ပြေစေရေးအတွက် (၁)ပိဿာကို ငွေကျပ်ခြောက်ထောင်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း လူတစ်ဦးလျှင် (၁)ပိဿာရောင်းချပေးကြောင်းနှင့် ဝယ်ယူရာတွင် အဆင်ပြေစေရေးအတွက် အေးမြကြည်လင်ဈေးနှင့် မြို့မဈေးအရှေ့ဘက်ရွှေမောဌောတိုက်တန်း နေလသုခမိသားစု ဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိကြောင်း၊ တစ်နေ့လျှင်ပိဿာချိန် (၁၁၀)ပါ စားအုန်းဆီ စည်ပေပါ အလုံး(၅၀)မှ(၇၀)လုံးအထိရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းများကို ဇွန်လ(၂၄)ရက်မှဇွန်(၃၀)ရက်နေ့ထိ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်ဝယ်ယူနိုင်ကြောင်းနှင့် စုစုပေါင်းစားအုန်းဆီ(၁၁၀)ပိဿာပါစားအုန်းဆီပေပါပေါင်း (၃၅၈)လုံး ရောင်းချပေးသွားမည်ဖြစ်ကြောင်း နေလသုခဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)