ဖြူးမြို့နယ်အတွင်း စိမ်းလန်းစိုပြေစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဖြူး  ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စိမ်းလန်းစိုပြေစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်ကာ ငမြွေဆည်အနီးရှိ ဖြူးကွန်း(၁)ကြိုးပြင်ကာကွယ်တော တောင်ကုန်းပေါ်တွင် ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမင်းကိုကိုက ပျိုးပင်များအားလွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီးနောက် ကျွန်း (၄၀၀)ပင်၊ ပိတောက်(၅၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ သင်း ဝင်(၅၀)ပင်၊ ယမနေ(၅၀)ပင်၊ သစ်ယာ(၅၀)ပင်၊ အင်ပင်(၅၀)ပင်၊ ကုက္ကိုလ်(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင် စုစုပေါင်း သစ်ပျိုးပင် စုစုပေါင်း(၈၀၀)ပင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)