ရန်ကင်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က တရားလွှတ်တော်ရှေ့နေ ဦးရဲမင်းစိုး မောင်မောက် (ဝတ်လုံ) နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မူးယစ်ဆေးဝါး၏ အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဦးရဲမင်းစိုး မောင်မောက် (ဝတ်လုံ) က မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောရောဂါလက္ခဏာနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် အရေးယူနိုင်သော ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သို့ဖြစ်ရာမိမိတို့ဌာနအနေဖြင့် ကိုဗစ်- ၁၉ ကာလအတွင်း ပြည်သူများအနေဖြင့် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်အကြောင်းကိုသိရှိပြီး၊ ရှောင်ရှားရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)