ဥတ္တရသီရိ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပြီး ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမ ရဿဝတီမေးနန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)တို့က စာရေးဆရာမ မာလာသန်း ရေးသားထားသည့် “ ဆွေမျိုးကျေးဇူး ဆပ်ပါရစေ” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)