သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်တွက် ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ် ဆေးမထိုးနှံရ သေးသည့်အသက (၆၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၈ နာရီမှ ညနေ ၃ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက်ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ အသက်(၆၀)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံပြီးသူများထဲမှ ဒုတိယအကြိမ် မထိုးနှံရသေးသူ ကျား ၁၀ ဉီး၊ မ ၇ ဉီး၊ စုစုပေါင်း  ၁၇ ဉီးတို့အား ဒုတိယအကြိမ် ထိုးနှံပေးပြီး၊ အသက် ၆၀ နှစ်နှင့်အထက် ပထမအကြိမ်မထိုးနှံရသေးသူ ကျား ၁၂၆ ဉီး၊ မ ၁၅၈ ဉီး၊ စုစုပေါင်း ၂၈၄ ဉီးတို့အားဆက်လက်၍ ဆေးထိုးနှံပေးခဲ့သည်။

ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာ ပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိသည်။

စန္ဒာမိုး