မော်လိုက် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံခွင့်ရရှိစေရန်နှင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်စေရန် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးမှုအနေဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အောင်ရတနာ ရပ်ကွက်တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၆၀)ဦးနှင့် ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၈၅)ဦးကို လည်းကောင်း၊ တပ်ကုန်းကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၆၀)ဦးနှင့် ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၄၀)ဦးကို လည်းကောင်း၊ သဝန်ကျေးရွာနှင့် မှုံကြီးကျေးရွာတို့တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၈၅)ဦးနှင့် ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၃၅)ဦးတို့ကို လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအတွက် ကွင်းဆင်းထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံမှု ခံယူသူများအား မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး