ခမောက်ကြီး ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များ (၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ် ရုပ်ပုံပါနံရံကပ် စာစောင်များကို ပြသထားရှိလျက်သည်။
အဆိုပါနံရံကပ်စာစောင်များတွင် ရှေလုပ်ငန်းစဉ်နှင့်ဦးတည်ချက်များပါ အကြောင်းအရာများအား မှတ်တမ်းဓာတ်ပုံများနှင့်တကွ အလွယ် တကူရှင်းလင်းစွာ ဖတ်ရှုနိုင်ကြရမည်ဖြစ်ပြီး ထိုနံရံကပ်စာစောင်များအား အများပြည်သူတို့ သိရှိစေရန်အလို့ငှာ ပြသထားရှိလျက် ရှိကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး)