အလုံမြို့နယ်၌ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကျင်းပ

အလုံ ဒီဇင်ဘာ ၃၀

အလုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ ဖောင်ဒေးရှင်းတို့ပူး​ပေါင်းကာ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် အထက်တန်း အဆင့် ကျပန်းစကားပြိုင်ပွဲကို ယမန်​နေ့နံနက်()နာရီအချိန်က အလုံမြို့နယ်အမှတ် () အ​ခြေခံပညာအထက်တန်း​ကျောင်း၌  ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ​ကျောင်းသားလူငယ်များအနေဖြင့် ကွမ်း၊ ​ဆေးလိပ်အန္တရာယ်ကို သိရှိ​ရှောင်ရှားနိုင်ရန်နှင့် လူအများ​ရှေ့တွင် ​ပြောဆိုမှုစွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

​ရှေးဦးစွာ ပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာကြီးမှအမှာစကား​​ပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်   ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ကတိပြုကြစို့၊ ဆေးလိပ်၊ ကွမ်းယာ ဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့နှင့် အနာဂါတ်ပန်းတိုင်လှပဖို့ ဆေးလိပ်၊ ကွမ်းယာ​ရှောင်ကြဉ် ကြစို့ စသည့်ခေါင်စဉ်()ခုကို ကျ​ရာ​ခေါင်စဉ်ဖြင့် ဝင်​ရောက်ယှဉ်ပြိုင်​စေပြီး ပြိုင်ပွဲတွင်  အမှတ် () အ​ခြေခံပညာ အထက်တန်း​​ကျောင်းမှ အထက်တန်းအဆင့်​ကျောင်းသား၊  ​ကျောင်းသူ () ဦး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့​နောက် ဆုရရှိသူ()ဦးနှင့် ပြိုင်ပွဲဝင်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များက  ဆုများချီးမြှင့်ခြင်း နှင့် အမှတ်တရလက်​ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်