(၇၄)နှစ်မြောက် လွတ်လပ်းရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ သာစည်မြို့၌ ပြုလုပ်

 သာစည် ဇန်နဝါရီ    ၁

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်းရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားပြိုင်ကွင်းအတွင်းရှိ   မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် နာရီကစတင်၍  အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များ    စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပွဲစဉ်()တွင်  မယ်ဇလီကန်ကျေးရွာ(က)အသင်းနှင့် လှိုင်းတက်ကျေးရွာ()အသင်းတို့ ယှဉ်ပြိုင်ကြရာ မယ်ဇလီကန်(က)အသင်းက အနိုင်ရရှိသည်။ ပြိုင်ပွဲတွင် အသင်း သင်းပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု စုခွဲကာ အုပ်စုပွဲစဉ်များကို ယနေ့အပြီး ယှဉ်ပြိုင်မည်ဖြစ်ပြီး  ယနေ့တွင် ရှုံးထွက်ပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲတို့ကို ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  (၇၄)နှစ်မြောက် လွတ်လပ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက်များတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ရက်နှင့် ရက်နေ့တို့တွင် ကြက်တောင်ရိုက်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်းနှင့် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများနှင့် ကျားမနှစ်ယောက်တွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                    

မြို့နယ်(ပြန်/ဆက်)