ပိုင်ကျုံမြို့၊ အခြေပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကွင်းဆင်းထိုးနှံမည်

ပိုင်ကျုံ  ဇူလိုင် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်း သာစွာ ပညာသင်ကြားနိုင်‌စေရန်နှင့် ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းရှိကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်လ ၅ ရက်နေ့တွင် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း  သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ကျောင်းသား/သူ စုစုပေါင်း(၂၅၈၁)ဦး ထိုးနှံပေးခဲ့ပြီး ပိုင်ကျုံမြို့ အ.ထ.ကကျောင်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/သူ (၁၃၀)ဦးအား ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ကျောင်းသား/သူကိုလည်း ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ကွင်း‌ဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်းလုပ်ငန်းများအား  ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)