ဘိုကလေး ဇူလိုင် ၄
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်း လာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်း ဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်ယှဉ်ပြိုင် လျက်ရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား ဇူလိုင်(၂၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊စိန်ဟိုင်း၊ ဂရမ်း၊ ပဝိန်၊ မြင်းကကုန်း၊ မလော့၊ ဘုရားချောင်း၊ သာပေါင်း၊ ငပိချောင်း၊ မင်းဂံ၊ သကံဝနှင့် ဆတ်ကျွန်း ရပ်ကွက်/ကျေးရွာ အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ကြ ကြောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်များအား ဇူလိုင်(၁၆)ရက်နေ့မှ ဇူလိုင်(၁၉)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အား ဇူလိုင် (၂၁)ရက်မှ (၂၂)ရက်နေ့အထိ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဇူလိုင်(၂၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် ပြိုင်ပွဲကျင်းပနိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှလည်း နေ့စဉ်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)