နမ္မတူမြို့နယ်၌ ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။