တပ်ကုန်းမြို့၌ တိုင်းရင်းဆေးပညာနှင့်လေငန်းရောဂါအကြောင်း အသိပညာပေး ( Talk Show ) ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျယ်ပြန့်စွာသိရှိစေရန် တိုင်းရင်းဆေးပညာနှင့်လေငန်းရောဂါအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။