နမ္မတူ ဇူလိုင် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိတော့ပြီဖြစ်သဖြင့် ယာယီပျံကျဈေးအား ပိတ်သိမ်း၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကုန်စိမ်းရောင်းချသူများအား မြို့မဈေးကြီးအတွင်း၌ ပြန်လည်ရောင်းချခွင့်ပြုလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ယာယီပျံကျဈေးအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁၉)ရက်နေ့တွင် ပန်ဟိုက် ရပ်ကွက်(၆) ဘော်လုံးကွင်းတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုအခါ ယာယီပျံကျဈေး ဖွင့်လှစ် ဆောင်ရွက်တာ(၂)နှစ်ကျော်ပြီဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းသွားပြီဖြစ်သဖြင့် ယာယီပျံကျဈေးအား ပိတ်သိမ်းကာ မြို့မဈေးကြီးအတွင်း၌ ပူးပေါင်းဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိထံက သိရသည်။
လူမော်(ပြန်/ဆက်)