မိုင်းယန်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Monkeypox (မျောက်ကျောက်) ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက Monkeypox (မျောက်ကျောက်)ရောဂါဆိုင်ရာ ရောဂါလက္ခဏာ များကိုသိရှိပြီး ကြိုတင်ကာကွယ်ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုင်းယန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘက Monkeypox (မျောက်ကျောက်)ရောဂါစတင်တွေ့ရှိခဲ့ပုံ၊ ကူးစက်ဖြစ်ပွားပါက ဖြစ်ပေါ်တက်သော ရောဂါလက္ခဏာများ၊ တိရစာ္ဆန်များမှတစ်ဆင့် လူသို့ကူးစက်စေနိုင်သည့် အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပြုမူနေထိုင်သင့်ပုံများကို ပြည်သူများသိရှိစေရန် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး