ကြံခင်း ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူကြသည်။
အဆိုပါ တည်နေရာပြ (Point) ကောက်ယူရာတွင် မြို့နယ်(လဝက)ဦးစီးမှူး ဦးဝင်းထူးနှင့် တာဝန်ရှိ ဝန်ထမ်းများက ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စုရှိရာ မြို့ပေါ်ရပ်ကွက်(၅)ခုအား Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်၊ ကျေးရွာတည်နေရာ(Point) စတင်ကောက်ယူ ခဲ့ပြီး ကျန်ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်(လဝက)မှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)