တပ်ကုန်း ဇူလိုင် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျယ်ပြန့်စွာသိရှိစေရန် တိုင်းရင်းဆေးပညာနှင့်လေငန်းရောဂါအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေယုတို့က တိုင်းရင်းဆေးပညာနှင့်လေငန်းရောဂါ၊ လေငန်းရောဂါ၏ ရှေ့ပြေးလက္ခဏာများ၊ လေငန်းရောဂါဖြစ်ဆဲ လက္ခဏာများ၊ လေငန်းရောဂါဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲရောဂါများ၊ လေငန်းရောဂါဖြစ်စေတတ်သည့်အကြောင်းများ၊ လေငန်းရောဂါဖြစ်လျှင် ရှောင်ကြဉ် လိုက်နာရမည့်အချက်များ စသည်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် တိုင်းရင်းဆေးပညာနှင့် လေငန်းရောဂါအကြောင်း အသိပညာပေး (Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်