ကျောက်ဆည်မြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့မွန်းလွဲ(၁)နာရီက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံမှုအား ချောက်မြို့နယ်ပညာ​ရေးမှူးမှ ကွင်းဆင်းကြည့်ရှု

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ မူလတန်းအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်ပညာ​ရေးမှူး​ဒေါ်ခင်လေးဖြူနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကျောက်မဲမြို့နယ်၊ အထက (၂) ကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အကြို စာစီစာကုံးနှင့် ကဗျာရေး ပြိုင်ပွဲကျင်းပ

(၂၀၂၂) ခုနှစ်ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ယနေ့နံနက် (၁၀) နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ် ၄၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် King&Queen ရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၏ ၄၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် King&Queenရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက၏ (၇၀) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွား လာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဇူလိုင်လ ၅ ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏ (၇၀) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မိုးစပါးများအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ရတနာပွင့်လှကန်တော်ကြီး ဆည်ရေသောက်လက်ဝဲမြောင်းမကြီးအား တူးဖော်ရှင်းလင်း

၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးများအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကန်တော်ကြီးဆည်ရေသောက် လက်ဝဲမြောင်းမကြီးရှိ အမှိုက်သရိုက်များ၊ သဲနုံးများ၊ ခြုံနွယ်ပိတ်ပေါင်းများအား ယနေ့နံနက်(၇)နာရီက တောင်သူလယ်သမားများစုပေါင်း၍ တူးဖော်ရှင်းလင်းခဲ့ကြသည်။

ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

နေကြာသီးနှံ မျိုးစေ့ထုတ်နည်းပညာပေး သင်တန်းဖွင့်လှစ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် (၅၀)ဧက စိုက်ပျိုးသော ကျေးရွာ (၅)ရွာမှ တောင်သူ(၂၀)ဦးနှင့် ဝန်ထမ်းများအား နေကြာသီးနှံ မျိုးစေ့ထုတ် နည်းပညာပေးသင်တန်းကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်း Mask Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် နန္ဒဝန်ဈေးအတွင်း ယနေ့ နံနက် (၈:၃၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။
Subscribe to