ချောက် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ မူလတန်းအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်ပညာရေးမှူးဒေါ်ခင်လေးဖြူနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဇူလိုင်လ ၄ ရက်နေ့ကစတင်၍ မြို့ပေါ်၊ ကျေးရွာအလိုက် ဆေးထိုးစုရပ်ကျောင်းများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ အထက (၂)၊ အထက (၃)ကျောင်းနှင့်ကျေးရွာများတွင် အမက(ကျွန်းသစ်- န)၊ အထက(ခွဲ)ဝင်္ကဘာ၊ အထက(မြေစွန်း-န)၊ အမက(တောင်နောက်)၊ အထက(သွေးနက်)၊ အထက(ခွဲ)သံဘို၊ အထက(ခွဲ)ကန်ရှည်၊ အလက(ခွဲ)တောင်ဘလူ၊ အထက(ခွဲ)တောင်သာ၊ အထက (ခွဲ) ကုန်းဆားလယ်၊ အထက(ခွဲ) လင်းတကိုင်းကျောင်း အသီးသီးတို့၌ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်အလိုက် ဇူလိုင်လ ၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ ရောဂါကူးစက်ပြန့်ပွားမှု ကို တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကိုသက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍၊ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ကျောင်းသား/သူ (၁၉၆၅) ဦးအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)